ဦးခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတတ်တဲ့ ကျနော် တခါတလေမှ မက်တတ်တဲ့ အိမ်မက် ဆိုတာ တွေထဲမှာ မြန်မာ့ကလေးလေးတွေ အားလုံးဟာ ထမင်း တွေ ဟင်းတွေ မြိန်မြိန်ယှက်စွာနဲ့ ၀လို့ ဖီးလို့ ။ လူ့ဘ၀ ခန ရနေတဲ့ ကျနော် လူ့အသိ ပြည့်အောင် ဖြည့်နေတဲ့ ကျနော် သွားသွာ
းလာလာ ဘယ်နေရာရောက် ရောက်။ ထမင်းငတ်နေသော ကလေးလေးတွေ၊ ဗိုက်ဆာနေတဲ့ ကလေးလေးတွေ မမြင်ချင်ပါ။ မြင်လိုက်ရရင်လည်း ရင်ထဲမှာ ကျင်နေအောင်ကို သနားသည့် စိတ် ဖြစ်ရပါတယ်။
။ ဒါကြောင့် အခု လိုေ
ရဘေး သင့်နေတဲ့ ဒေသက အဓိက ကလေးတွေ အတွက် စားစရာဆန် တွေကို တတ်နိုင်သလောက် ရအောင်ရှာ ရောက်အောင်ပို့။ လှူဒါန်းသည်။
သူတို့လေးတွေ ထမင်း ၀ ပါစေ။
အခုလည်း သာပေါင်း မြို့နယ်ထဲကနေ အဆက်သွယ်မိတ်ဆွေတွေရဲ့
သတင်းပေးပို့လာချက်အရ ရေကျသွားတဲ့ ကျေးရွာတွေမှာ ဒူးလောက်ပဲ ရေတင်ကျန်တော့တဲ့ အကြောင်း။ လှေလည်း သွားမရ။ အထမ်းနဲ့ ဆန်ပို့ ဆန်လှူ ကြ ရအောင်ဆိုတော့လည်း နွံပင်လယ်ပြင်ကြီးထဲ ဘယ်လောက် အထမ်းသမား က ဆန်အိတ်ကို ထမ်းပြီး လမ်း လျောက်နိုင်မှာလည်း ၊
ငါးရှာ ဖါးရှာစားရအောင်လည်း ရွံ့နွံရေတိမ်တိမ်မှာ ဘာငါးမှ မရှိ။ စားစရာလည်း ဆန်မရှိ၊ သွားစရာလည်း မြေမရှိ၊ ပေးစရာလည်း ငွေမရှိ၊ သနား စရာ အတိဖြစ်နေတဲ့ သာပေါင်း ဒေသအတွင်းက ကျေးရွာပေါင်းများစွာဆီကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကျနော် ဆန်တွေ ပို့ဆောင်လှူဒါန်းနိုင်ဖို့ ကြိုးစားပါအုံးမယ်။
မွန်မြတ်သော စားဖွယ် ထမင်း ချက်ဖို့ ဆန်အလှူအဖြစ် မိဘတို့ ချစ်ခြင်းကို သရုပ်ဖေါ်ကိုယ်စားပြုနိုင်စေရေး ဆန်အိတ်ပေါင်း ၅၂၈ အိတ်ကို မကြာခင် သွားရောက်ပို့ဆောင်လှူဒါန်းနိုင်ရေး ကြိုးပမ်းနေပါသည်။
ယနေ့ထိ ဆန်အိတ်ပေါင်း ၂၅၀ ခန့်ထိ စုဆောင်းရရှိထားပြီးဖြစ်ပါသည်။ မိဘတို့ ချစ်ခြင်း၊ သနားကြင်နာခြင်းနှင့် အတူ လူသားချင်း စာနာထောက်ထား ကူညီဝေငှပြီး စားစရာဆန်လေးများ ၀တ်စရာ အ၀တ်လေးများ နဲ့ ကူညီကျွေးမွေး လှူဒါန်းလိုသူ မိတ်ဆွေ အပေါင်းအား ဆန်အိတ်လေးများ ပေါင်းစပ်ကူညီလှူဒါန်းပေးကြပါရန် ဖိတ်ခေါ်ပါသည်။
ဆန်အိတ် ၅၂၈ အိတ် ပြည့်သည့်နေ့ သာပေါင်းမြို့နယ်သို့ အရောက်ပို့ဆောင် လှူဒါန်းမည်ဖြစ်ပါသည်။
ယခု ကျနော်တို့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ သွားရောက်ခဲ့သော ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ကူညီရေး ခရီးစဉ်များ ကို အပြည့်အစုံ ပေါင်းစပ် တင်ပြလိုက်ပါသည်။ ဂျပန်နိုင်ငံမှ သူငယ်ချင်း ကိုဇေယျာ က ကူညီဖန်တီးပေးလိုက်ခြင်းဖြစ်ပါသည်။

No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်