skip to main |
skip to sidebar
တိုက်ရိုက်ဒီမိုကရေစီလုပ်ငန်းများစကြတော့မည်.......................
(၂၉-၁-၂၀၁၂ ) မနက်ဖြန်မနက်တွင် ကိုမင်းကိုနိုင်ဦးဆောင် သော
၈၈မျိုးဆက်ကျောင်းသားများနှင့် ၂၀၀၇ဗကသ ခေါင်းဆောင်
ကိုကျော်ကိုကိုဦးဆောင်သော ဗကသအဖွဲ့ဝင်များ ပူးပေါင်းကာ
ကလေးထောင်တွင်မလွတ်မြောက်နိုင်သေးဘဲ အကျဉ်းကျနေသေးသော ကိုအေးအောင်အိမ်သို့ သွားရောက်ကာ အားပေးစကားများ ပြောကြားကြမည်ဖြစ်သည်။ အကျဉ်းထောင်တွင်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအိမ်သို့ အားပေးစကားပြောကြားခြင်းကို ၈၈မျိုးဆက်ခေါင်းဆောင်များမှ ဦးဆောင်ကာ ကမ်ပိန်းများစတင်တော့မည် ဖြစ်သည်။
NLD သို့ မေတ္တာရပ်ခံချက်
ReplyDeleteby Myat Kyaw on Saturday, January 28, 2012 at 12:00am
NLD အနေနဲ့ လောလောဆယ်မှာ မြို့ နယ်ပေါင်းစုံအနှံ့ ရုံးခန်းများဖွင်လှစ်နိုင်ရေး၊ဧပြီလ(၁)ရက်နေမှာကျင်းပမယ့်ကြားဖြတ်
ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေနဲ
့အလုပ်များနေမယ်ဆိုတာနားလည်ပါတယ်။ဒီကိစ္စတွေနဲ့ တပြိုင်နက်ထဲဆောင်ရွက်ပေးစေချင်တာတစ်ခုကတော့ အခြားသောဒီမိုကရေစီပါတီငယ်တွေ၊တိုင်းရင်းသားပါတီတွေနဲ့ လည်းတွေဆုံဆွေးနွေးပြီးပူးပေါင်းမှုပြုစေချင်ပါတယ်။
ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဒီမိုကရေစီပါတီတပ်ပေါင်စုကြီးနဲ့  ကြံ့ခိုင်ရေးပါတီကြားပြည်သူတွေဘာကိုရွေးကြမလဲဆိုတာ သိပ်ကိုရှင်းသွားမှာပါ။ဒီကြားဖြတ်ရွေးကောက်ပွဲဟာ
ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရေစီသမားတွေသာ အောင်ပွဲခံမယ့်ပွဲဖြစ်လာမှာပါ။
သို့ အတွက် ယာယီပူးပေါင်းမှုဘဲဖြစ်ပါစေကြားဖြတ်ရွေးကောက်ပွဲမှာ
ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို
ပြည်သူတစ်ဦးအနေဖြင့်NLD ကိုမေတ္တာရပ်ခံပါတယ်။