ဂျပန်နိုင်ငံသူနိုင်ငံသားများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများသို့ ...
မတ်လ ၁၁ ရက် ၂၀၁၁ နေ့က ဂျပန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ် ဆူနာမီရေဘေးနှင့် ငလျင်လှုပ်မှုများကြောင့် ဂျပန်နိုင်ငံသားအများစုနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ မြန်မာ့ဒီမိုကရေစီ အင်အားစုများ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်းများ ကို မြင်တွေ့ကြားသိရသဖြင့် ကာယကံရှင်များနှင့်ထပ်တူ ၀မ်းနည်းရပါသည်။ သို့အတွက်ကြောင့် ယခု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ ဘေးဒုက္ခမျိုးစုံမှ အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်ပြီး မတ်လ ၁၁ ရက် ၂၀၁၁ ည ( ၉ ) နာရီအချိန်တွင် သံဃာတော် ( ၃ ) ပါးနှင့် ဒါယကာ ဒါယိကာမတို့ စုပေါင်းကာ မေတ္တာပါရမီ ကျောင်းတိုက်တွင် မေတ္တာပို့သပြီး ဆုတောင်းပွဲပြုလုပ်ပါသည်။ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာမှလည်း အမြန်ဆုံး အကူအညီများ ပေးကြပါရန်နှင့် ဘာသာရေး အဖွဲ့အစည်းများအနေနှင့် မေတ္တာပို့ ဆုတောင်းပွဲများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်