ကိုညီ။ ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၁၀
အီတလီနိုင်ငံတွင် ၂၀၁၁ ဧပြီ ၂၉ ရက်နေ့မှ မေ ၈ ရက်နေ့အထိ ကျင်းပမယ့် ဥရောပဒေသဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို မြန်မာလူငယ်များ တက်ရောက်စေလိုကြောင်း တွေ့ဆုံပွဲ ကျင်းပရေးအတွက် စီစဉ်သူများ အသိုင်းအ၀ိုင်းမှတဆင့် သတင်းရရှိပါတယ်။ ထို တွေ့ဆုံပွဲကို UNESCO CHAIR INTERNATIONAL LEADERSHIP TRAINING PROGRAMME: A GLOBAL INTERGENERATIONAL FORUM အစီအစဉ်အရ ပြုလုပ်တာဖြစ်ပြီး ဒီနှစ် တွေ့ဆုံပွဲ ရဲ့ ဆောင်ပုဒ်ကတော့ (လူငယ်များကို ပျိုးထောင်ခြင်းဖြင့် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများရဲ့ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲစို့ - Empowering Young Leaders to be Agents of Positive Change) ဖြစ်ပါတယ်။ ထို တွေ့ဆုံပွဲ ပညာရေး၊ လူမျိုးခွဲခြားမှု၊ ပဋိပက္ခဆိုင်ရာကိစ္စများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ထို တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး စီစဉ်သူများတွင် ပါဝင်တဲ့ ကိုတင်မောင်အေးကို ယနေ့မြန်မာက မေးမြန်းကြည့်ရာ “လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ လူငယ်ပေါင်းတထောင်လောက်ထဲက ငါးဆယ်လောက် ရွေးမယ် လေ။ တွေ့ဆုံပွဲက ဧပြီ ၂၉ ရက်နေ့ကနေ မေ ၈ ရက်နေ့အထိ ဖြစ်မယ်။ လေယာဉ်ပျံလက်မှတ်ကလွဲလို့ ကျန်တာတွေအားလုံး နေထိုင်စားသောက်ဖို့ တာဝန်ခံတယ်။ ကုန်ကျစရိတ် ပေးမယ်။ ရွေးချယ်ခံလူငယ် ငါးဆယ်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ လက်ရှိ အကြောင်းအရာတွေ ဆွေးနွေးမယ်။ ကျွန်တော်ကတော့ မြန်မာပြည်အကြောင်းကို အဲဒီမှာ တင်ပြမယ်။ တကမ္ဘာလုံးက လူငယ်ခေါင်းဆောင်တွေလာမယ်။ ဖိတ်ထားတဲ့ ပါမောက္ခတွေ၊ ဆွေးနွေးမယ့်သူတွေက သူ့ဘာသာရပ်နဲ့ သူ ရှင်းပြကြမယ်။
ဒီနှစ်က ဒုတိယအကြိမ် ဒေသဆိုင်ရာ လူငယ်တွေ့ဆုံပွဲ လုပ်တာကိုး။ ပထမအကြိမ်တုန်းက အာဖရိကမှာ
လုပ်တယ်။ ဒီနှစ် ဥရောပတိုက်မှာ လုပ်တယ်။ နောက်နှစ်ဆိုရင် အာရှတိုက်ကို သွားမယ်။ ကျွန်တော်က UNESCO CHAIR နဲ့ အလုပ်လုပ်နေတာ ငါးနှစ်လောက် ရှိပြီ လေ။ သြဂုတ်လတိုင်း ကော်နားတီကက်တက္ကသိုလ်မှာ ပုံမှန်လုပ်နေတဲ့ လူငယ် တွေ့ဆုံပွဲ ရှိတယ်။ အခု ဒေသဆိုင်ရာ တွေ့ဆုံပွဲက မနှစ်ကမှ စတာ။“ လို့ ပြောပြပါတယ်။
အခု ပြုလုပ်မယ့် ဒေသဆိုင်ရာ လူငယ်တွေ့ဆုံပွဲ တက်ရောက်လိုတဲ့ လူငယ်များအနေနဲ့ ကိုယ်ရေးအချက်အလက်များနဲ့အတူ စာလုံးရေ ၇၅၀ မှ ၁၀၀၀ ရှိတဲ့ အင်္ဂလိပ်ဘာသာနဲ့ စာစီစာကုံး ရေးသားပေးပို့ ရမှာ ဖြစ်ပါတယ်။ အဲဒီ စာစီစာကုံးအပေါ်မှာ အကဲဖြတ်ပြီး လူငယ်တွေ့ဆုံပွဲ တက်ရောက်ဖို့အတွက် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ လျှောက်လွှာပိတ်ရက်ကတော့ ၂၀၁၁ ဇန်န၀ါရီ ၇ ရက်နေ့ ဖြစ်ပါတယ်။ လျှောက်လွှာတင်ရမယ့် အသက်အပိုင်းအခြားကတော့ အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်း ဖြစ်ပါတယ်။ မြန်မာလူငယ်များအနေနဲ့ လျှောက်ထားမယ်ဆိုရင် နေထိုင်တဲ့နိုင်ငံအပေါ်မှာ မူတည်မှု မရှိဘဲ မည်သည့်နိုင်ငံမှာ နေထိုင်သည်ဖြစ်စေ လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားသူအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လူမှုရေး၊ လူ့အခွင့်အရေး လုပ်ငန်းများအကြောင်းကို စာစီစာကုံးမှာ သေသေချာချာ ရှင်းလင်း ရေးသားဖို့သာ လိုအပ်ပြီး အတန်းပညာအဆင့်အတန်းကို အဓိက မထားကြောင်း သိရပါတယ်။
ယနေ့မြန်မာက ကိုတင်မောင်အေးကို မြန်မာလူငယ်များအနေနဲ့ ဘယ်လို ပြင်ဆင်ရမလဲလို့ မေးမြန်းကြည့်ရာ “အဓိက က ဘာကိုကြည့်သလဲဆိုရင် လူ့အခွင့်အရေး၊ သူ့ လူ့ဘောင်အသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ခဲ့သလဲ။ အခု ဘာတွေ လုပ်နေသလဲ၊ ထိရောက်မှု ဘယ်လောက် ရှိသလဲ ဆိုတာကို လေ့လာပါတယ်။ ကျောင်းပညာရေးကို အဓိက မထားဘူး။ ဘယ်နိုင်ငံက လျှောက်လျှောက် တန်းတူရည်တူ ရွေးချယ်ခံရအောင် စနစ် လုပ်ထားပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ရေးဖို့ အခက်အခဲ ရှိမယ်ဆိုရင်လည်း ကျွန်တော့်ကို ဆက်သွယ်စေချင်တယ်။ ကျွန်တော့်အနေနဲ့ အကူအညီပေးလို့ရတယ်။“ လို့ ပြောပါတယ်။
အခု တွေ့ဆုံပွဲကို မြန်မာလူငယ်များအနေနဲ့ တက်ရောက်နိုင်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံရနိုင်တဲ့ အပြင် မိမိရဲ့ အတွေ့အကြုံ၊ အမြင်များကိုလည်း နိုင်ငံတကာကို ရှင်းပြနိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ တွေ့ဆုံပွဲအကြောင်း သိလိုရင် http://www.unescochair.uconn.edu/upspecialevents_Europe.htm မှာ ကြည့်ရှုနိုင်ပြီး ကိုတင်မောင်အေးကို ဆက်သွယ်လိုရင်တော့ Tin Maung Aye (Tim Aye-Hardy) @ TimAyeHardy@Burma-Network.com ကို ဆက်သွယ်နိုင်ကြပါတယ်။
(သတင်းရင်းမြစ် - ယနေ့မြန်မာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်