၂၀၁၀ ခုနှစ် စက်တင်ဘာလ(၁၀)ရက်။
နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၁ နှစ် ၁ လ) ပြည့်ခဲ့ပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးနှင့် ပဲခူးမြို့တွင် နအဖ စစ်တပ်အချို့မှ ဥပဒေမဲ့ လက်နက်အားကိုး ရက်စက်ကြမ်းတမ်းစွာ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အရပ်သား လူငယ်နှစ်ဦး သေဆုံးခဲ့ရသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက် ဆန္ဒပြပွဲကို ပူးတွဲ၍ တိုကျို Shinagawa အရပ်ရှိ နအဖ (သံရုံး)စစ်အခွန်ရုံးရှေ့တွင် ယနေ့  စက်တင်ဘာလ (၁၀)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ထာဝရ မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။နအဖ စစ်တပ်မှ လက်နက် အားကိုးပြီး ပြည်သူလူထုအား ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ပစ်ခတ် သတ်ဖြတ်မှုတွေကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြသလို တရားမျှတမှုမရှိသည့် ၂၀၁၀ရွေးကောက်ပွဲကိုပါ ကန့်ကွက်ခဲ့ကြပါသည်။
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ယခုကဲ့သို့ ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ရသည့် အဖြစ်အပျက် အခြေအနေမှန်ကို ပြည်သူသို့ အတိအလင်း ထုတ်ပြန် ရှင်းလင်း ကြေညာရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးရန် အလေးအနက် တောင်းဆိုလိုက်သည့် စာပါအကြောင်း အရာများကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး) သံအမတ်ကြီးကနေ တဆင့် စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ သို့ လိပ်မူ၍ ပေးပို့ခဲ့ပါသည်။
ရုပ်သံဓါတ်ပုံမှတ်တမ်း။ ။Ko Soe Moe Naing(NLD-LA-JB)
သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်