မြန်မာ့နည်း မြန်မာ့ဟန်လို့ ပြောရင် အဲဒါ အကောင်း ပြောတာ မဟုတ်ဘူး ... ရွဲ့တာပဲ။ မြန်မာ စံတော်ချိန် ဆိုတာမျိုးပေါ့။ ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ဂဲဟု အသံ ထွက်သည်။ (စင်ကာပူ ရောက် မြန်မာ ကလေးများ ဖတ်တတ်စေရန် ရည်ရွယ်သော အားဖြင့် အသံထွက်ပါ ထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာ ထုခွဲ ထားတယ် ဆိုလို့ မစားရပါပဲ သွားကျိန်း သွားတယ်။ အားရပါးရများ ၀ါးလိုက်မိတဲ့ သွားကတော့ ပဲ့ရွဲ့ ထွက်ကုန် လောက်တယ်။ အခု အထိလည်း ရောတုန်း .. ရောဆဲ ရောလတ္တံ့လို့ သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင် လုပ်သည်။
နောက်တစ်ခုက ကြက်သားကို ရေထိုးတာ။ ဆရာဝန် မဖြစ်လိုက်တဲ့ ကြက်သားသည် တစ်ယောက် ငယ်အိမ်မက်ကို လွမ်းပြီး ကြက်သားထဲ ရေထိုးကြည့်ရာကနေ မကြုံစဖူး အတုခိုး ခံလိုက်ရတဲ့ နည်းလမ်းလို့ သိရတယ်။ မြန်မာ အိမ်ရှင်မတွေ အိမ်မှာ ကြက်သားကို ရေထည့် ပြုတ်စရာ မလိုအောင် စေတနာနဲ့ ရေထိုး ပေးလိုက်တာ လို့လည်း ပြောကြတယ်။ မြန်မာပြည်တွင် လုပ်သည်။
ဒါတင် မကသေးဘူး။ တကမ္ဘာလုံး ကြိုက်တဲ့ နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင် လုပ်ထားတဲ့ နို့ဆီ မတွေ့ရဘူး။ မတွေ့ရတာကို အကောင်း မမှတ်ပါနဲ့။ လုပ်ဖို့ မသင့်လို့ မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဉာဏ်တော် ထက်မြက်တော် မူတဲ့ ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေ သုံးပြီး ခဲအောင် လုပ်ကြ ပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူ ရရှိပါတယ်။ မြန်မာပြည်တွင် လုပ်သည်။
တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန်ထဲ မယ်(လ်)မင်း ရောတာ လောက်တော့ တို့ နိုင်ငံသားတွေက ပျင်းတောင် ပျင်းသေး တယ်လို့ ပြောလိမ့်မယ်။ မြန်မာ အပူကျဆေး တစ်မျိုး ဆိုရင် ပါရာစီတမောကို အမှုန့် ကြိတ်ပြီး မြန်မာမှု ပြုလိုက်လို့ အပိတ် ခံလိုက် ရတာလည်း ရှိပါတယ်။ မြန်မာ တိုင်းရင်းဆေး အစ ပါရာစီတမော ကလို့တောင် အသိအမှတ် အပြုခံရမလို ဖြစ်သွား ပါတယ်။ အဲဒါလည်း မြန်မာပြည်တွင် လုပ်သည်။
မော်တော်ကား မောင်းတတ်တယ် ဆိုတာ မဆန်းပါဘူး။ အတော်လေး လွယ်တာပါပဲ။ ဒါပေမယ့် တကမ္ဘာလုံး က ဒရိုင်ဘာတွေ ဘယ်လောက် တော်တယ် ပြောပြော တုတ်နဲ့ ဂီယာတိုင်ကို ထောက်ထားဖို့ ဘယ်သူမှ မတွေးမိ ခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင် လုပ်သည်။
အစားအစာ ဆိုးဆေးကို အရောင် သိပ်မလှလို့ အ၀တ် ဆိုးဆေးတွေ ဘာတွေ သုံးပေးတဲ့ သဒ္ဓါ တရားမျိုး မြန်မာ တွေမှာပဲ ရှိတယ်။ စေတနာ သုံးတန် (သုံးတန် ဆိုရင် အလတ်စား ယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင် လှတဲ့ မျှဉ် ငါးပိတို့ ဘာတို့ စားရင် အူတွေပါ ဆေးဆိုး ပြီးသား ဖြစ်တဲ့ အတွက် တစ်ချက်ခုတ် နှစ်ချက် သုံးချက် ပြတ်တာ ပေါ့လေ။ ဖရဲသီး ရောင်းရင် ဓားမှာ ဆေးသကြား သုတ်ထားတဲ့ လူမျိုးလည်း သိပ်များများ မရှိလောက်ဘူး။ အဲဒါလည်း မြန်မာပြည်တွင် လုပ်သည်။
ဂျပန်က လာတဲ့ ကားတွေ ညောင်ပင်ရှေ့မှာ တက်လိုက် ဆင်းလိုက် မလုပ်ရင် အင်ဂျင် ပြဿနာ ရှိနိုင်တယ်၊ အတိုက်အခိုက် များမယ်လို့ ယုံတာမျိုးလည်း မြန်မာပြည်တွင် လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ ခေါ်တယ်။ အခု ရေးပြီးသလောက်ကို ကလေး တွေကိုပဲ ဖတ်ခိုင်းကြည့် ကိုယ်တို့ သီကင်ဝါတွေ အတော်လေး ပေါတာ၊ ချာတာ၊ ညံ့တာ၊ သုံးမရတာ အတော်လေး သဘောပေါက် လောက်ပြီ။
တကမ္ဘာလုံးမှာ စားဖို့ မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ် ထားတဲ့ စားအုန်းဆီကို ပေါပေါ လောလော ရောင်းပေး တာမျိုးကို ကြတော့ ကွက်လပ် ကွက်လပ်ရဲ့ စေတနာလို့ပဲ ထားလိုက် ကြရအောင်။ မြန်မာပြည်တွင် လုပ်သည်။ (ပန်းနှမ်းနဲ့ ဆီအုန်းမှ မစိုက်ရင် ဘိန်း ပြန်စိုက် ရမလားလို့ လက်ညိုး ပြန်ထိုး မှာလည်း စိုးရပါတယ်။ ဘိန်းက စိုက်ကို မစိုက်တော့ဘူး။ မိတဲ့ အခါကြတော့ ကွန်တိန်နာနဲ့ကို မိတယ် .....။) Made in Myanmar တွေချည်း ပါပဲ။
အစားအသောက်တွေမှာExpiryDate ဆိုတာ ပါတယ်။ မုန့် လုပ်ငန်းတွေက အဲဒါ မထည့်ရင် ရောင်းလို့ မရဘူး။ တစ်ပါတ် တစ်ခါ ဆိုင်တွေဆီ သွားပြီး၊ ကျန်တဲ့ မုန့်ထုပ်တွေ၊ Expired ဖြစ်သွား တာတွေကို သွားသိမ်း တယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ် လာကပ် ပေးတယ်။ အံ့ဖွယ် ဥာဏ်ကြီးရှင်တွေ များတဲ့ နိုင်ငံပါတကား။ မြန်မာပြည်တွင် လုပ်သည်။
အကြော်ကြော်ရင် ထပ်ခါ တလဲလဲ ကြော်တယ်။ ပြည့်ဝ ဆီတွေဟာ ဘာဖြစ်စေတတ်လဲ လာမပြောနဲ့ မသိဘူး။ စားချင်ရင် ၀ယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျ အကြော်သမားထက် တစ်ပန်းသာတဲ့ သူက အခု ပလတ်စတစ် ထည့်ကြော် နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့ စိတ်ကူး ထားသလားတောင် တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်စိုက် မတ်မတ် ထောက်ခံခဲ့ပေမဲ့ ဒီ reuse ၊ replace ၊ recycle အကြော်ကြီး ကိုတော့ ဘယ်လောက်ပဲ Green အကြော် ပြောပြော မစား နိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ် ကြော်နေပြီ။ သေဒဏ် ပေးခံလိုက်ရတဲ့ နို့မှုန်ထဲ မယ်(လ်)မင်း ရောတဲ့ တရုတ်က သက်ကြီး ရွယ်အို လင်မယား ခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရ တော်လေစွလို့ တဖွဖွ ပြောသွားခဲ့ ရှာမှာ။ အသားကင် အတွက် ယမ်းစိမ်း ဆိုတာမျိုးကလည်း ကင်ဆာ ဖြစ်မယ့် အမျိုးအစားပဲ ရှာဖွေပြီး သုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ် များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်း ဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကို ညီညွတ် တော့တာပါပဲ။ မြန်မာပြည်တွင် လုပ်သည်။
ရေသန့် ဗူးထဲမှာ ပိုးလောက်လန်း လေးတွေ မွေးထားတာ မျိုးကိုလည်း မြန်မာပြည်မှာ လုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ ရေသန့်ဗူး တွေကိုလည်း ဦးဆွေး ဆံမြည့် သုံးတယ်။ ရေသန့် ရောင်းတဲ့ သူကလည်း သူ့ဗူးတွေကို ရာသက်ပန် ရိုးမြေကျ သုံးစွဲတယ်။ အဲဒါက မထူးဆန်း သေးဘူး။ အဲဒီ ရေသန့် ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသတည်း ကမှ ထူးဆန်းတာ။ မယုံမရှိနဲ့ ... မြန်မာ တွေက ပါရမီရှင်တွေ ချည်းပဲ။ ပါရမီသေ တစ်ယောက်မှ မပါဘူး။ အိမ်မှာ သတင်းစာ ရောင်းတိုင်း စိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင် ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ ချိန်ရင် နှစ်ပိဿာ ကကို မတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာ ကောင်း မပီသဘူးတော့ အထင် မခံနိုင်ဘူး။ သူ့အလေး တစ်ပိဿာကို တောင်းပြီး ကိုယ့်အလေး နှစ်ပိဿာနဲ့ ချိန်ပြ လိုက်တယ်။ တွေ့လား .. မင်း တစ်ပိဿာက ငါ့ နှစ်ပိဿာ ရှိတယ် ပိုက်ဆံ တိုးပေးမလား အားလုံး ပြန်ထုတ် မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါ ကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်း မများရအောင် သတင်းစာတွေကို ရေစိမ် ထားရတယ်။ မြန်မာပြည်တွင် လုပ်သည်။
အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ ကိစ္စ ရှိသေးတယ်။ ညဘက် ဓာတ်ဆီ လမ်းမှာ ထည့်ရင် တစ်ဂါလံ ထည့်ရင် ဂါလံဝက် လောက်ပဲ ပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက် နားလည်တဲ့ ငနဲတွေ ကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ ရောပြီး ရောင်းတာ ရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်း ဉာဏ်နဲ့ ပြည့်စုံမှု မှာတော့ စံထား လောက်တယ် မဟုတ်ပါလား ခင်ဗျာ။ .... ဒါလည်း မြန်မာပြည်တွင် လုပ်သည်။ သနပ်ခါးထဲ မြေမှုန့် ရောတာလည်း ရှိသေးတယ်။ မြေကြီး ၀ယ်ထား တာတင် မနည်းဘူး။ ရောဖို့ ဆိုပဲ။ အင်မတန် ကြီးကျယ်တဲ့ အမြော်အမြင် ပေတကား။
မြန်မာပြည်တွင်လုပ်သည်။ သနပ်ခါး အတုလည်း ရှိသေးတယ်။ ကြက်ဥ အတု ထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါး အနံ့တောင် ထွက်သေးတယ်။ အပေါ်ယံ လေးမှာ မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ၊ သနပ်ခါး အနံ့ ထွက်လေ သတည်းတွေပဲ။ မြန်မာပြည်တွင် လုပ်သည်။

နိုင်ငံတကာမှ လေ့လာ လိုသူများ သွားရောက် လေ့လာ နိုင်ပါသည်။ နောက်တစ်ခုက ပုစွန်ထုတ် ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံ မထွက်ဘူး။ ခဲပဲ။ ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံ ထွက်တယ်။ ပုစွန်ထုတ် တွေက အမေကျော် ဒွေးတော် လွမ်းပြီး ... အိတ်စပို့စ် နောက်ကို ကောက်ကောက် ပါအောင် လိုက်သွား လေတော့ ... မြန်မာ ပြည်သူ ပြည်သားတွေ အတွက် အင်မတန်ကြီးတဲ့ ပုစွန်ထုတ် ခေါင်းတွေ ကျန်ခဲ့တယ်။ အဲဒီ ခေါင်းကိုတောင် လေးလေးပင်ပင် ရှိအောင် ခဲလေး ဘာလေးထည့် ပေးတယ်။ .... အင်မတန်မှ စေတနာ ကောင်းတဲ့ တို့လူမျိုးပါ တကား။ ဒါကလည်း မြန်မာပြည်တွင် လုပ်သည်ပဲ။
ဒါတင် မကသေးဘူး။ တကမ္ဘာလုံး ကြိုက်တဲ့ နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင် လုပ်ထားတဲ့ နို့ဆီ မတွေ့ရဘူး။ မတွေ့ရတာကို အကောင်း မမှတ်ပါနဲ့။ လုပ်ဖို့ မသင့်လို့ မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဉာဏ်တော် ထက်မြက်တော် မူတဲ့ ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေ သုံးပြီး ခဲအောင် လုပ်ကြ ပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူ ရရှိပါတယ်။ မြန်မာပြည်တွင် လုပ်သည်။
တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန်ထဲ မယ်(လ်)မင်း ရောတာ လောက်တော့ တို့ နိုင်ငံသားတွေက ပျင်းတောင် ပျင်းသေး တယ်လို့ ပြောလိမ့်မယ်။ မြန်မာ အပူကျဆေး တစ်မျိုး ဆိုရင် ပါရာစီတမောကို အမှုန့် ကြိတ်ပြီး မြန်မာမှု ပြုလိုက်လို့ အပိတ် ခံလိုက် ရတာလည်း ရှိပါတယ်။ မြန်မာ တိုင်းရင်းဆေး အစ ပါရာစီတမော ကလို့တောင် အသိအမှတ် အပြုခံရမလို ဖြစ်သွား ပါတယ်။ အဲဒါလည်း မြန်မာပြည်တွင် လုပ်သည်။
မော်တော်ကား မောင်းတတ်တယ် ဆိုတာ မဆန်းပါဘူး။ အတော်လေး လွယ်တာပါပဲ။ ဒါပေမယ့် တကမ္ဘာလုံး က ဒရိုင်ဘာတွေ ဘယ်လောက် တော်တယ် ပြောပြော တုတ်နဲ့ ဂီယာတိုင်ကို ထောက်ထားဖို့ ဘယ်သူမှ မတွေးမိ ခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင် လုပ်သည်။
အစားအစာ ဆိုးဆေးကို အရောင် သိပ်မလှလို့ အ၀တ် ဆိုးဆေးတွေ ဘာတွေ သုံးပေးတဲ့ သဒ္ဓါ တရားမျိုး မြန်မာ တွေမှာပဲ ရှိတယ်။ စေတနာ သုံးတန် (သုံးတန် ဆိုရင် အလတ်စား ယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင် လှတဲ့ မျှဉ် ငါးပိတို့ ဘာတို့ စားရင် အူတွေပါ ဆေးဆိုး ပြီးသား ဖြစ်တဲ့ အတွက် တစ်ချက်ခုတ် နှစ်ချက် သုံးချက် ပြတ်တာ ပေါ့လေ။ ဖရဲသီး ရောင်းရင် ဓားမှာ ဆေးသကြား သုတ်ထားတဲ့ လူမျိုးလည်း သိပ်များများ မရှိလောက်ဘူး။ အဲဒါလည်း မြန်မာပြည်တွင် လုပ်သည်။
ဂျပန်က လာတဲ့ ကားတွေ ညောင်ပင်ရှေ့မှာ တက်လိုက် ဆင်းလိုက် မလုပ်ရင် အင်ဂျင် ပြဿနာ ရှိနိုင်တယ်၊ အတိုက်အခိုက် များမယ်လို့ ယုံတာမျိုးလည်း မြန်မာပြည်တွင် လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ ခေါ်တယ်။ အခု ရေးပြီးသလောက်ကို ကလေး တွေကိုပဲ ဖတ်ခိုင်းကြည့် ကိုယ်တို့ သီကင်ဝါတွေ အတော်လေး ပေါတာ၊ ချာတာ၊ ညံ့တာ၊ သုံးမရတာ အတော်လေး သဘောပေါက် လောက်ပြီ။
တကမ္ဘာလုံးမှာ စားဖို့ မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ် ထားတဲ့ စားအုန်းဆီကို ပေါပေါ လောလော ရောင်းပေး တာမျိုးကို ကြတော့ ကွက်လပ် ကွက်လပ်ရဲ့ စေတနာလို့ပဲ ထားလိုက် ကြရအောင်။ မြန်မာပြည်တွင် လုပ်သည်။ (ပန်းနှမ်းနဲ့ ဆီအုန်းမှ မစိုက်ရင် ဘိန်း ပြန်စိုက် ရမလားလို့ လက်ညိုး ပြန်ထိုး မှာလည်း စိုးရပါတယ်။ ဘိန်းက စိုက်ကို မစိုက်တော့ဘူး။ မိတဲ့ အခါကြတော့ ကွန်တိန်နာနဲ့ကို မိတယ် .....။) Made in Myanmar တွေချည်း ပါပဲ။
အစားအသောက်တွေမှာExpiryDate ဆိုတာ ပါတယ်။ မုန့် လုပ်ငန်းတွေက အဲဒါ မထည့်ရင် ရောင်းလို့ မရဘူး။ တစ်ပါတ် တစ်ခါ ဆိုင်တွေဆီ သွားပြီး၊ ကျန်တဲ့ မုန့်ထုပ်တွေ၊ Expired ဖြစ်သွား တာတွေကို သွားသိမ်း တယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ် လာကပ် ပေးတယ်။ အံ့ဖွယ် ဥာဏ်ကြီးရှင်တွေ များတဲ့ နိုင်ငံပါတကား။ မြန်မာပြည်တွင် လုပ်သည်။
အကြော်ကြော်ရင် ထပ်ခါ တလဲလဲ ကြော်တယ်။ ပြည့်ဝ ဆီတွေဟာ ဘာဖြစ်စေတတ်လဲ လာမပြောနဲ့ မသိဘူး။ စားချင်ရင် ၀ယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျ အကြော်သမားထက် တစ်ပန်းသာတဲ့ သူက အခု ပလတ်စတစ် ထည့်ကြော် နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့ စိတ်ကူး ထားသလားတောင် တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်စိုက် မတ်မတ် ထောက်ခံခဲ့ပေမဲ့ ဒီ reuse ၊ replace ၊ recycle အကြော်ကြီး ကိုတော့ ဘယ်လောက်ပဲ Green အကြော် ပြောပြော မစား နိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ် ကြော်နေပြီ။ သေဒဏ် ပေးခံလိုက်ရတဲ့ နို့မှုန်ထဲ မယ်(လ်)မင်း ရောတဲ့ တရုတ်က သက်ကြီး ရွယ်အို လင်မယား ခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရ တော်လေစွလို့ တဖွဖွ ပြောသွားခဲ့ ရှာမှာ။ အသားကင် အတွက် ယမ်းစိမ်း ဆိုတာမျိုးကလည်း ကင်ဆာ ဖြစ်မယ့် အမျိုးအစားပဲ ရှာဖွေပြီး သုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ် များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်း ဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကို ညီညွတ် တော့တာပါပဲ။ မြန်မာပြည်တွင် လုပ်သည်။
ရေသန့် ဗူးထဲမှာ ပိုးလောက်လန်း လေးတွေ မွေးထားတာ မျိုးကိုလည်း မြန်မာပြည်မှာ လုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ ရေသန့်ဗူး တွေကိုလည်း ဦးဆွေး ဆံမြည့် သုံးတယ်။ ရေသန့် ရောင်းတဲ့ သူကလည်း သူ့ဗူးတွေကို ရာသက်ပန် ရိုးမြေကျ သုံးစွဲတယ်။ အဲဒါက မထူးဆန်း သေးဘူး။ အဲဒီ ရေသန့် ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသတည်း ကမှ ထူးဆန်းတာ။ မယုံမရှိနဲ့ ... မြန်မာ တွေက ပါရမီရှင်တွေ ချည်းပဲ။ ပါရမီသေ တစ်ယောက်မှ မပါဘူး။ အိမ်မှာ သတင်းစာ ရောင်းတိုင်း စိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင် ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ ချိန်ရင် နှစ်ပိဿာ ကကို မတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာ ကောင်း မပီသဘူးတော့ အထင် မခံနိုင်ဘူး။ သူ့အလေး တစ်ပိဿာကို တောင်းပြီး ကိုယ့်အလေး နှစ်ပိဿာနဲ့ ချိန်ပြ လိုက်တယ်။ တွေ့လား .. မင်း တစ်ပိဿာက ငါ့ နှစ်ပိဿာ ရှိတယ် ပိုက်ဆံ တိုးပေးမလား အားလုံး ပြန်ထုတ် မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါ ကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်း မများရအောင် သတင်းစာတွေကို ရေစိမ် ထားရတယ်။ မြန်မာပြည်တွင် လုပ်သည်။
အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ ကိစ္စ ရှိသေးတယ်။ ညဘက် ဓာတ်ဆီ လမ်းမှာ ထည့်ရင် တစ်ဂါလံ ထည့်ရင် ဂါလံဝက် လောက်ပဲ ပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက် နားလည်တဲ့ ငနဲတွေ ကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ ရောပြီး ရောင်းတာ ရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်း ဉာဏ်နဲ့ ပြည့်စုံမှု မှာတော့ စံထား လောက်တယ် မဟုတ်ပါလား ခင်ဗျာ။ .... ဒါလည်း မြန်မာပြည်တွင် လုပ်သည်။ သနပ်ခါးထဲ မြေမှုန့် ရောတာလည်း ရှိသေးတယ်။ မြေကြီး ၀ယ်ထား တာတင် မနည်းဘူး။ ရောဖို့ ဆိုပဲ။ အင်မတန် ကြီးကျယ်တဲ့ အမြော်အမြင် ပေတကား။
မြန်မာပြည်တွင်လုပ်သည်။ သနပ်ခါး အတုလည်း ရှိသေးတယ်။ ကြက်ဥ အတု ထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါး အနံ့တောင် ထွက်သေးတယ်။ အပေါ်ယံ လေးမှာ မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ၊ သနပ်ခါး အနံ့ ထွက်လေ သတည်းတွေပဲ။ မြန်မာပြည်တွင် လုပ်သည်။
မြန်မာတွေ လုပ်တတ်တာ အများကြီး ရှိသေးတယ်။
http://www.z-thegardener.com/2010_09_12_archive.html
ReplyDelete