ဂျပန်က မြန်မာတွေ အများစုဟာ နိုင်ငံရေး (သို့ ) ဒီမိုကရေစီအရေးတွေကို အင်တိုက်အား
တိုက် ပါဝင်လှုပ်ရှားနေကြတာကိုတော့ အများအသိပဲ ဖြစ်ပါလိမ့်မယ်။ လူအများနဲ့ သက်ဆိုင်တဲ့ လှုပ်ရှား
မတွေမှန်သမျှ သာရေးနာရေး၊ အလအတန်း၊ ပွဲလမ်းသဘင်တွေပါမကျန် နိုင်ငံရေးလှုပ်ရှားသူတွေ
မပါဝင်တဲ့ ပွဲရယ်လို့  မရှိသလောက်ပါပဲ။ ယုတ်စွအဆုံး ဂီတဖျော်ဖြေရေးပွဲတွေက အစ (နိုင်ငံရေးအနှစ်
သာရမပါတဲ့ ပွဲမျိုးဆိုရင်) အောင်မြင်မှုရရှိဖို့  တော်တော်လေးကို ခဲယဉ်းလှပါတယ်။
ဘုရားထီးတော်တင်ပွဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်း ရံပုံငွေပွဲ၊ ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲ၊
သင်္ကြန်ပွဲ၊ သီတင်းကျွတ်ပွဲ ဆိုတာတွေကအစ နိုင်ငံရေးလှုပ်ရှားသူတွေက ဦးဆောင်ဦးရွက်ပြုပြီးတော့
ကျင်းပပြုလုပ်နေကြတာပါ။ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုပွဲတွေသာမက တိုင်းရင်းသားအားလုံးရဲ့
ရိုးရာပွဲတွေ၊ နှစ်သစ်ကူးပွဲတွေကအစ တိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားသူများကပဲ ဦးဆောင်ပြီးကျင်းပပေး
နေကြတာပါပဲဖြစ်ပါတယ်။ အငြိမ့်ပွဲ သဘင်ပွဲတွေဆိုရင်လည်း နိုင်ငံရေးပျက်လုံး ဒါမှမဟုတ် နိုင်ငံရေး
အနှစ်သာရ ပါတဲ့အပြော၊ အဆိုဟန်တွေပါ ဘာတခုမှ မကျန်အောင်ပါပဲ။
တခါတုံးက မြန်မာနိုင်ငံက နာမည်ကျော်တွေ ထိပ်တန်းသရုပ်ဆောင်တွေပါ သုံးကျိပ်နီးပါး
ဂျပန်မှာလာရောက်ဖျော်ဖြေဘူးပါတယ်။ ခွက်ခွက်လန်ပွဲ ဖြစ်တဲ့အပြင် အမေရိကားပြန် ထောင်ထောင်း
မောင်းမောင်း မင်းသမီးဆိုရင် ရန်ကုန်အပြန်မှာ ပါဝင်ပတ်သက်မှု မရှိကြောင်းကို တောင်းပန်တိုးလျှိုးလိုက်
ရတာ အမောပဲပေါ့။ အဲဒီနောက်ပိုင်းတော့ ဂျပန်ကပွဲစဉ်တွေ တော်တော်များများ နိုင်ငံရေးသမားတွေနဲ့
ပတ်သက်မှာမို့ ခွင့်မပြုခဲ့တာ အတော်ပင်ကြာလိုက်တာတွေ့ ခဲ့ရပါသေးတယ်။
ဒါတွေကြောင့်ဘဲ ဂျပန်က မြန်မာတွေအကြောင်းကို ပြောမယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားသူ
တွေကို ရှေ့ တန်းတင်ပြောဆို နေရခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဆန္ဒအပြခံရဆုံး သံရုံး(စစ်အခွန်ရုံး) ကိုပြပါဆိုရင်ဖြင့် တိုကျိုက (စစ်အခွန်ရုံး)
ပါဘဲ။ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ဆိုသလို ဆက်တိုက်ရှိနေ ကြပြန်ပါတယ်။ တနေ့ တရက်လည်းမဟုတ်
တလတနှစ်လည်း မဟုတ်ပါပဲ နေ့စဉ်နဲ့အမျှ ဆန္ဒပြလှုပ်ရှားနေကြတဲ့ ဒီမိုကရေစီအရေးကို လှုပ်ရှားဆောင်
ရွက်နေကြတဲ့ အဖွဲ့ အစည်းတွေကိုတော့ မချီးကြူးပဲကို မနေနိုင်ပါဘူး။ ဒါကြောင့်လည်းပဲ (စစ်အခွန်ရုံးက)
လူတွေဟာ ခေါင်းမဖေါ်ဝံ့နိုင်အောင်ပါဘဲ။ တချိန်တုံးက နအဖရဲ့ လက်ပါစေတယောက်က ရုံးဝင်းထဲက
နေ ကင်မရာတလုံးနဲ့  လှမ်းရိုက်လို့  ပြဿနာတွေတတ်ပြီး ဆန္ဒပြမယ်တဦးရဲ့  ဒေါက်ဘိနပ်ပျံစာ မိဘူးတာ
လေးကိုလဲ ပြန်လည်အမှတ်ရမိစေပါတယ်။
ဂျပန်ရောက်မြန်မာတွေရဲ့  နိုင်ငံရေးလှုပ်ရှားမတွေဟာ နိုင်ငံတကာက မြန်မာတွေကြားမှာ
ကျော်စောထင်ရှားလှပါတယ်။ အထက်ကဖေါ် ပြခဲ့သလိုမျိုး ပွဲလမ်းသဘင်အခန်းအနား၊ အငြိမ့်သဘင်
သံချပ်စာသားတွေသာမက ခေတ်ပေါ်တေးဂီတအဆုံး နိုင်ငံရေးလှုပ်ရှားသူတွေ ချည်းပါဘဲ။ ဒါတွေတင်
သာမကဘဲ စာပေဟောပြောပွဲတွေ မြန်မာစာကြည့်တိုက်တွေပါမကျန် နိုင်ငံရေးလှုပ်ရှားကြတဲ့သူများ
ကဘဲ ဦးဆောင်ပေးနေကြတာကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ကြပါပေတယ်။
အဲဒီလို နိုင်ငံရေးလှုပ်ရှားမတွေ များပြားအရှိန်အဝါ ကြီးသလောက် ထင်ရှားတဲ့ နိုင်ငံရေး
ခေါင်းဆောင်ဆိုတာ ဘိုးဘိုးတို့ ဒီဂျပန်မှာ တယောက်တလေမျှမရှိတာကို အားလုံးအသိပဲဖြစ်မှာပါ။
ဥပမာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ နာမည်ကြီးကျောင်းသားခေါင်းဆောင်ကြီးတွေနဲ့  ပါတီအဖွဲ့စည်း
ပေါင်းစုံရဲ့  လွတ်တော်ကိုယ်စားလှယ်တော်ကြီးများ လည်းပဲ တယောက်တလေမျှပင် လာရောက်နေထိုင်
ခဲ့ခြင်း မရှိပါဘူး။ ဘယ်လိုထူးထူးခြားခြားလူမျိုးမှ မရှိတာကိုပြောပြချင်တာပါ။ ပိုပြီးသိထားစေချင်တာ
ကတော့ (ဂျပန်ကို နိုင်ငံရေးလှုပ်ရှားဖို့  ရောက်လာသူဆိုတာကိုတော့) လက်ချိုးပြီး ရေတွက်လို့
ရနိုင်ကောင်းပါရဲ့ ။ အဲဒီလိုမရှိပါပဲနဲ့ ကို လှုပ်ရှားမှုအများဆုံးဖြစ်နေတဲ့ဂျပန်ကမြန်မာတွေရဲ့ တမူထူး
ခြားချက်ဘဲထင်ပါတယ်။ တနည်းပြောရရင်တော့ အဲ့ဒီလို ဘယ်လိုထူးထူးခြားခြားလူမျိုးမှ မရှိနေတာက
ပိုပြီးတော့ လှုပ်ရှားလို့ ရနေတာလဲပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဂျပန်နိုင်ငံမှာ နိုင်ငံရေး အဖွဲ့ အစည်းတွေကတော့ အင်အားအတော်လေး ကောင်းကြပါတယ်။
သုံးလေးဖွဲ့ ဆိုရင် တဖွဲ့ ကိုအင်အား(၂ဝဝ) နီးပါးနဲ့  (၂ဝဝ)ကျော် (၃ဝဝ) အထိတောင်ရှိနေကြပါတယ်။
ကျန်အဖွဲ့ အစည်းများဟာဆိုရင်လည်း အင်တိုက်အားတိုက် လပ်ရှားနေကြတာတွေချည်းပါပဲ။ ညီလာခံ
ပွဲတွေ ကျင်းပတဲ့အချိန်အခါမျိုးတွေမှာ ဆိုရင်တော့ တကယ့်ကိုလွတ်တော်တရပ် ကျင်းပနေသလိုမျိုး
တနေကုန် နှစ်ပိုင်းခွဲပြီး ကျင်းပပြုလုပ်ကြတာပါ။ နှစ်စဉ်ဆိုသလို အဖွဲ့ အတွင်း အဖွဲ့ သားများ အားလုံးရဲ့
ရင်ထဲကဆန္ဒတွေကို ဖေါ်ထုတ်တင်ပြကြ အသစ်တဖန်ပြန်လည်၍ ဖွဲ့ စည်းကြနဲ့  စနစ်တကျရှိလှပါ
ပေတယ်။
ဒီလိုညီညွတ်ကြသလို စုပေါင်းလှုပ်ရှားကြတာတွေ ရှိပေမဲ့ လှုပ်ရှားကြတဲ့သူတွေ များကြသလိုပဲ
အဖွဲ့ အစည်းတွေကလည်းများပြားလှပါတယ်။ ဒီတော့ အကွဲအပြဲတွေလဲ ရှိကြမှာကတော့ မလွဲဧကန်
ပဲပေါ့နော်။ ဒါကတော့ သိပ်ဆန်းကြယ်လှတယ် မဆိုနိုင်ပါဘူး။ ဘယ်နိုင်ငံက မြန်မာတွေမှ တဖွဲ့ တစည်းထဲ
ရှိနေကြတယ်လို့ လဲ မကြားမိသလို ရှိမှာလဲပဲ မထင်ပါဘူး။ သေချာပါတယ်၊ အကွဲနဲ့ အပြဲ တခုခုပေါ့။
သဘောထား ကွဲလွဲတာကလည်း ရှိရမှာပါပဲ။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်တွေ ရှိရမဲ့စနစ်ကို
ချီတက်နေကြတာပဲ မဟုတ်လား။
ဒါပေမယ့် ကျနော်တို့  ဂျပန်မှာက အများနဲ့ သက်ဆိုင်တဲ့ အခန်းအနားတွေ၊ စီတန်းလှည့်လှည်
ပွဲတွေ ဆိုရင်တော့လား ဆန္ဒပြသူဦးရေ ယခင်ကဆို (၅ဝဝ) ဝန်းကျင်(၅ဝဝ)ကျော်၊ အခုဆိုရင်(၈ဝဝ)
ကျော် တခါတရံ(၁ဝဝဝ) ဝန်းကျင်အထိ မထင်မှတ်လောက်အောင် များပြားစွာ ပါဝင်လှုပ်ရှား ကြတာကို
လည်း တွေ့ မြင် ကြားသိနိုင်ကြပါတယ်။ ဘယ်နိုင်ငံမှာမှ ဒီလိုမျိုးမလှုပ်ရှား မကျင်းပနိုင်ခဲ့ကြဘူး။ ထူးခြား
တာတခုကတော့ ဒီလိုလှုပ်ရှားနေကြတာဟာ ဘယ်လိုအဖွဲ့ အစည်း အသင်းအဖွဲ့ များနဲ့  နိုင်ငံတကာမှ
ကူညီထောက့်ပံ့နေတာမျိုး လုံးဝ အလျှဉ်းမရှိတာကိုလည်းပဲ ဘိုးဘိုးအနေနဲ့  ရဲရဲဝံ့ဝံ့ ပြောပြနိုင် ပါပေတယ်။
ဒီလူတွေအားလုံးဟာ မနက်မိုးလင်းတာနဲ့  အလုပ်ကိုအမြန်ပြေး။ ကော်ဖီတခွက်တောင်မှ
အေးအေးဆေးဆေး ဖျော်မသောက်နိုင်ကြပါဘူး။ လမ်းမှာ ရထားပေါ်မှာ ကြုံသလိုပဲ သွားရင်းလာရင်းနဲ့
ဗိုက်ဖြည့်ရတာပါ။ အလုပ်ထဲရောက်တော့လည်းပဲ လူစင်စစ်ကနေ စက်ရုပ်တရုပ်လို ဖြစ်သွားရပြန်ပါတယ်။
ဂျပန်မှာ အလုပ်လုပ်ရတာက အဲယားကွန်းခန်းထဲမှာ ထိုင်ပြီး ကွန်ပျူတာလေးနဲ့ အလုပ်လုပ်ရတဲ့သူ
ဆိုတာ (၁ဝဝဝ)မှာတယောက်ရှိဖို့ မလွယ်လှပါဘူး။ အများအားဖြင့်တော့ စားသောက်ဆိုင်တွေမှာပဲ
စားပွဲထိုးသူကထိုး၊ ပန်ကန်ဆေးသူကဆေး၊ မီးဖိုထဲမှာ လှီးခုတ်ချက်ပြုတ်၊ ကြော်လှော် လုပ်ကိုင်ကြရ
တာပါ။
မနက်ကိုးနာရီကျော်ကနေ ညနေသုံးနာရီအထိ အများအားဖြင့် လုပ်ကြရပါတယ်။နောက်ထပ်
ည အလုပ်ကို မသွားမှီ (သို့ မဟုတ်) အကူးအပြောင်းမှာ စစ်အခွန်ရုံးရှေ့ ပြေးပြီးဆန္ဒပြလှုပ်ရှားကြရ
တဲ့ သူတွေကများပါတယ်။ အဲဒီက အပြန်ကျမှ ညနေအလုပ်ကို ပြေးလွှား၊ ညပြန်တော့လည်း အတော်
များများဟာ ည(၁၁) နာရီကျော်မှ ပြန်ကြရတာပါ။ အိမ်ကိုရောက်တော့ ရေမိုးချိုးပြီးရင် သန်းခေါင်
သန်းလွဲ ဖြစ်နေပါပြီရော။ အဲဒီအချိန်ကျမှ တယောက်နဲ့ တယောက် ဖုန်းနဲ့ ဆက်သွယ်ကြ၊ သတင်းမေးကြ၊
အလုပ်ကိစ္စတွေပြောကြနဲ့  ညဆို(၂) နာရီကျော်(၃) နာရီဝန်းကျင်မှ အိပ်ကြတဲ့သူ များပါတယ်။ ဘိုးဘိုးတို့
လို သာမန်လှုပ်ရှားနေတဲ့ သူတွေတောင် အဲဒီလိုအချိန်ကျမှ အိပ်ကြရတယ်ဆိုတော့ အဖွဲ့အစည်းတွေ
မှာခေါင်းဆောင်ပိုင်း တာဝန်ယူထားတဲ့သူတွေဆို ဒီထက်ပို အလုပ်များကြမှာ အမှန်ပါပဲ။
အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ မျိုးတွေမှာ ဆိုရင်လဲပဲ အစည်းအဝေးပွဲတွေတက် ဟောပြောပွဲ
တွေ ကျင်းပကြ၊ ပွဲလမ်းသဘင်တွေကျင်းပကြနဲ့ ဆိုတော့ ပွဲလမ်းသဘင်တခု ကြီးကြီးမားမား လုပ်လို့
ပြီးပြီဆိုရင်တော့လား အလုပ်ပျက်ရက်တွေများလို့  အလုပ်ထုတ်ပစ်ခံရသူတွေလဲ မနဲလှတော့ပါဘူးလေ။
ဒီလိုကြိုးစားပမ်းစားလုပ်ကိုင်နေကြတာ ဘာအခွင့်အရေးတွေ ရနေလို့ လဲလို့  မေးစရာဖြစ်
လာပါတယ်။ အများကတော့ပြောကြမှာပါ။ နိုင်ငံရေးခိုလှုံခွင့် ရဖို့ အတွက်ရယ်လို့  ပြောကြမှာ မလွှဲ
မသွေပါပဲ။ ဒါပေမဲ့လည်း ခိုလှုံခွင့်ရပြီးသူများ ကိုယ်တိုင်ရော မရရှိသေးသူများအားလုံးပါဝင်ပြီး
တက်တက်ကြွကြွနဲ့  လှုပ်ရှားနေကြတာကိုကြည့်ရင်ဖြင့် အခွင့်အရေးတခုတည်းကိုသာ မျှော်လင့်ပြီး
လုပ်ကိုင်နေကြတယ်လို့  မည်သူမျှပြောလို့ မရနိုင်ပါဘူး ဆိုတာရှင်းနေပါတယ်။ အခွင့်အရေးသမားတွေ
မပါဝင်ပါဘူးလို့ တော့ မပြောလိုပါဘူး။ ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာမျိုးတော့ မဖြစ်သင့်တာမျိုးကိုတော့
ပြောတာပါ။ ဘာပဲဖြစ်ဖြစ် အခြားနိုင်ငံကြီးတွေမှာလို မိမိအတွက်ခိုလံခွင့် ရပြီးတာနဲ့  ကိုယ်ကျိုးသက်
သက်ပဲ လှုပ်ရှားနေသူတွေထက်စာရင် ကိုးဆယ်ဆသာလိမ့်မယ် ထင်မိပါတယ်။ ဘိုးဘိုးတို့ ဆီမှာလဲ
ရှိပါတယ်။ ခိုလှုံခွင့်ရပြီးတော့ကာမှ တခြားနိုင်ငံကြီးတွေကို လစ်ပြေးကြသူတွေနဲ့ ရောပြီး ငါးခုံးမ
တကောင်ကြောင့် တလှေလုံး မပုတ်စေချင်တာကို ပြောတာပါ။ လူရယ်လို့ ဖြစ်လာတော့မှ သောက
ကိုယ်စီတော့ ရှိကြမှာပါပဲ။ လူတခု ပူမရယ် ကုဋေကဋာလို့  ဆိုကြတယ်မဟုတ်ပါလား။
ဖေါ် ပြခဲ့သလိုပါပဲ ဂျပန်ကိုလာရဖို့ ကလည်း တယ်မလွယ်လှပါဘူး။ ရမယ်ဆိုရင်လည်း
ကုန်ကျစရိတ်တွေက များလွန်းလှပါတယ်။ နောက်ပြီးယနေ့ အချိန်အထိ ဂျပန်နိုင်ငံက ခိုလှုံခွင့်ပေးပြီး
တော့ခေါ်ယူထားလို့  ရောက်လာကြတဲ့သူဆိုလို့  တဦးတယောက်တလေမျှ မရှိခဲ့သေးပါဘူး။ ဒီနှစ် ၂ဝ၁ဝ
ထဲမှာတော့ဖြင့် နယ်စပ်ဒေသက ဒုက္ခသည်တွေကို ခေါ်ဖို့ စီစဉ်နေတုံးပါဘဲ။ ဒါဟာလည်း မပြောပလောက်
အောင်ပါပဲ။ အရေအတွက်အားဖြင့်က အင်မတန်မှ နည်းပြီး လေးငါးဆယ်တောင် ပြည့်မယ်မထင်ပါဘူး။
ဒုက္ခသည်စခန်းက လူတွေကလည်းပဲ ဂျပန်ကိုမလာချင်တဲ့သူက များနေလေရဲ့ ။ စခန်းထဲမှာက နည်းနည်း
အနေချောင်ပုံရပါတယ်။ ဂျပန်ကိုရောက်မှ ဘဝကို တစ်ကပြန်စရမှာ ကြောက်နေကြပုံရပါတယ်။ ဂျပန်
ကိုရောက်မှ ဒုက္ခသည်စစ်စစ်ဖြစ်တော့မှာကို သူတို့ တတွေက ကြိုတင်သိထားပုံရပါတယ်။ ဂျပန်ကို
ရောက်လာတဲ့သူတွေထဲမှာလည်း တကယ့်ကို နိုင်ငံရေးလုပ်ချင်လို့ (သို့ ) နိုင်ငံတော်ကနေ မဖြစ်မနေ
ထွက်ပြေး တိမ်းရှောင်လာခဲ့ ကြရသူတွေက လက်ချိုးရေတွက်လို့  ရနိုင်ပါတယ်။
မည်သို့ ပင်ဆိုစေကာမူ ဒီလိုအဆိုးအကောင်း အကျိုးအကြောင်းတွေကြားထဲကပဲ ဂျပန်က
မြန်မာတွေက ရာခိုင်နန်းအားဖြင့် လုပ်အားဖက်မှာရော လှုပ်ရှားမမှာရော ထိရောက်တဲ့ အကျိုးသက်
ရောက်မတွေ အများကြီးရှိနေတာကိုလဲ မည်သူမျှငြင်းနိုင်လိမ့်မည် မထင်ပါ။ ဥပမာအားဖြင့် နယ်စပ်
ဒေသထောက်ပန့် မတွေ ပြည်တွင်းအရေးပေါ် ထောက်ပံမတွေနဲ့  အခြားထိရောက်တဲ့ တွေ့ ဆုံဆွေးနွေးပွဲ
တွေဆိုရင် နိုင်ငံတကာမှာရှိတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်မပေးနိုင်တဲ့ ပြောရေးဆိုခွင့်ရှိသူတွေကိုလဲ
ဖိတ်ကြားပြီး ခမ်းခမ်းနားနား ဆောင်ရွက်ကြတဲ့အခါတွေမှာလည်းပဲ မိမိတို့ရဲ့ချွေးနည်းစာတွေကို အားလုံး
စုပေါင်းပြီးတော့မှ ကျင်းပကြတာပါ။ ဘယ်အဖွဲ့ အစည်းရဲ့  ထောက်ပံ့ကူညီငွေနဲ့ လုပ်ခဲ့တာမျိုး တကြိမ်
မျှပင်မရှိခဲ့ပါဘူး။ ဒါကိုက ဂျပန်ကမြန်မာတွေရဲ့  ထိုက်တန်တဲ့ရင်းနှီးမြုပ်နှံမတွေဆိုရင်လည်း မှားမယ်
မထင်ပါဘူး။
တခြားအားသာချက်တခုကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး အရေအတွက်ရဲ့ (၉ဝ)
ရာနှုန်းက တိုကျိုဧရိယာထဲမှာ သွားလာနေထိုင်ကြတာများပါတယ်။ တိုကျိုရဲ့ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်တဲ့အတွက်ကြောင့်လဲ လပ်ရှားမတွေမှာ အလွယ်တကူစုစည်းလို့ ရနိုင်တာလဲပဲဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတခုအဖြစ် ရပ်တည်နေတာကြောင့် လွတ်လွတ်လပ်လပ် (ရဲမှာပါမစ်ယူ) ခွင့်ပြုချက်
တောင်းခံပြီး ရဲအစောင့်အရှောက်တွေနဲ့ ကို ဆန္ဒပြလှုပ်ရှားနိုင်ခွင့် ရခဲ့တာလည်းပဲဖြစ်ပါတယ်။ ငွေကြေး
အတွက်ဆိုရင်လည်းပဲ တနေ့ ကိုလေးငါးနာရီလောက် လုပ်တဲ့သူဆိုရင် နေထိုင်စားသောက်စရိတ်လောက်
တော့ အဆင်ပြေနိုင်ကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်တဲ့သူတွေအတွက်ကတော့ လှုပ်ရှားမစရိတ်၊
ရံပုံငွေထည့်ဝင်မ၊ တခြား အထူးထောက်ပံ့စရိတ်တွေနဲ့  ဆိုရင်တော့ အထက်မှာ ဖေါ် ပြခဲ့သလိုပါပဲ။ တ
နေကုန်ရုန်းကန်လပ်ရှားမှ လောက်ငှလောက်ရုံပဲရှိကြတာပါ။ မိမိအိမ်မိသားစုကိုပါ ထောက်ပံ့ကြရတဲ့
သူတွေဆိုရင် လစာထုတ်တာနဲ့ ငွေကို သမ ခွဲတမ်းချသလို လုပ်လိုက်ရင်လက်ထဲမှာ လမ်းစရိတ်တောင်
အနိုင်နိုင်ရယ်ပေါ့။
ဂျပန်ကိုလေထဲက ရောက်လာတဲ့သူတွေ ရှိသလို ရေထဲက တတ်လာခဲ့သူတွေလည်း မနည်းလှ
ပါဘူး။လေယာဉ်နဲ့ ရောက်လာကြသလို သင်္ဘောဆိုက်ကပ်တုံး ဆင်းလာကြတဲ့ သူတွေလဲ ရှိကြပါတယ်
လို့ ဆိုလိုတာပါ။ နောက်ဆုံး ဘယ်လိုနည်းနဲ့ ပဲ ရောက်လာရောက်လာ အများစုဟာနိုင်ငံရေး
နယ်ပယ်ထဲကို ဝင်ရောက်လာကြပါတယ်။ မိမိတတ်နိုင်တဲ့ဘက်က နိုင်သလောက် ဥာဏ်ရည်မှီသလောက်
ပါဝင်လပ်ရှား ရုန်းကန်ကြတဲ့ ဂျပန်ရောက် မြန်မာအများစု(ငခုံးမတွေမပါ) ကို ဘာဘာဘိုးဘိုးက သာသာ
ထိုးထိုးနဲ့  မှန်ရာကိုသစ္စာဆိုလိုက်ပါသည်။
ဘာဘာဘိုးဘိုး (ခေတ္တတိုကျို)
အလင်းအိမ် မဂ္ဂဇင်း အမှတ် ၄ အတွဲ ၇မှဖေါ်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်