Friday, May 28, 2010
ဂျပန်သို့လာမည့် တရုတ်နိုင်ငံဝန်ကြီးချုပ်အား ဆန့်ကျင်ဆန္ဒပြ
တရုတ်နိုင်ငံဝန်ကြီးချုပ်ဝမ်ကျားပေါင်(၃၀)ရက်နေ့တွင်ဂျပန်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်နှင့်မြန်မာ့အရေးကိုလဲဆွေးနွေးကြမည်ဟုလည်းကြားသိရပါသည်။
အပြန်ခရီးတွင်မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဖြစ်ကြောင်းသိရသဖြင့်တရုတ်ဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲပြီးမြန်မာ့ဒီမိုကရေစီရေးကို ထိရောက်စွာကူညီဆောင်ရွက်ပေးရန် တောင်းဆိုပွဲကို ယနေ့(၂၈၊၀၅၊၂၀၁၀)တွင် ဂျပန်နိုင်ငံရှိတရုပ်သံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီရေးကို
လိုလားသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။
၃၀-၅-၂၀၁၀ နေ့လည်(၁း၀၀ မှ ၂း၀၀)အထိ ဆန္ဒပြခြင်းကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။
မည်သူမဆို မိမိဆန္ဒအလျောက်လာရောက်ဆန္ဒပြနိုင်ပါသည်။
နေရာ ။ ။တရုတ်သံရုံးရှေ့(့HIBIYAလိုင်း HIROOဘူတာမှလမ်းလျှောက် ၁၀မိနစ်ခန့်)
ဆက်သွယ်ရန်။ ။ 080 5436 9282
080 3608 8618
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်