![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKChzjq8OZO4imJOfMjxk3HwWV4V80h6-dMdp7Oi7sHEhOXxv459sYsxiwB1e3N_I_VZ_YoTAPGE3b-OvgmOtt_SwkY_QPgcOe__22vjzgyoiHf3Eir5EN-1he8zV821l9kVPh4n_Hyc/s320/F-7M.jpg)
မကြာသေးမှီကမှ ၀င်လာတဲ့ သတင်းအရ 22-1-2010 ယနေ့ နံနက် ၁၀၀၀ (A.M) နာရီခန့်တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် (ဒလခ) အမှတ် (၁၁) ကြားဖြတ် တိုက်ခိုက်ရေးအုပ်မှ တရုတ်လုပ် F-7 II K ဂျက်တိုက်လေယာဉ်ကို D.S.A (42) ကျောင်းဆင်း ယာယီဗိုလ်မှူး/ ဗိုလ်ကြီးတစ်ဦး မောင်းနှင်ပြီး လေ့ကျင့်ခန်းမှအပြန် ကွင်းအဆင်း၌ ပေါက်ကွဲ ပျက်ကျခဲ့ကြောင်း သတင်းရရှိပါသည်။ လေယာဉ်မှူး ကျဆုံးသွားရာ အဆိုပါ လေသူရဲမှာ မှူး/ဗက ပြည့်ဖြိုးမျိုး ဖြစ်ပြီး ပျက်ကျသော လေယာဉ်အမှတ်မှာ ၁၆၃၃.... ဖြစ်ကြောင်း သိရပါသည်။ လေသူရဲမှာ Ejection Seat ဖြင့် ခုန်ထွက်ရန် ကြိုးစားသော်လည်း သက်တမ်းလွန် Cartridge များ ပြန်သုံးထားသော Ejection Seat မှာ Eject မဖြစ်ပဲ သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။ Cartridge အသစ်များကို တရုတ်မှ ထပ်မံ မ၀ယ်ယူပဲ အဟောင်းများကိုသာ သက်တမ်းတိုးပြီး အကြိမ်ကြိမ် သုံးခိုင်းနေ၍့ အရေးပေါ် အခြေအနေတွင် Eject မဖြစ်သောကြောင့် မသေသင့်ဘဲ သေဆုံးရခြင်း ဖြစ်ပါသည်။ ယခုအခါ F-7 လေယာဉ်အားလုံး ပျံသန်းမှုအား ခေတ္တရပ်ဆိုင်း ခိုင်းထားကြောင်း သိရှိရပါသည်။
The Power of Fraternityမှရယူပါသည်။
ပြန်ခေါက်ထားရန်
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်