Tuesday, January 12, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရေး ဆန္ဒပြပွဲ


ဓါတ်ပုံ။ ။ကိုအောင်ထူးသိန်း



ဗီဒီယိုမှတ်တမ်း။  ။maungwto

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်
ပေးရေး ချီတက်ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတစ်ရပ်ကို ယနေ့(၁၁-၁-၂၀၁၀)တနင်္လာနေ့ နေ့လည်(၁း၃၀)
နာရီမှ(၄း၃၀)နာရီအထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ebisu ပန်းခြံမှ Sandagaya (MEIJI)ပန်းခြံအထိ ၁း၃၀ခန့်
အကြာချီတက်ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
အဆိုပါဆန္ဒပြ တောင်းဆိုလှုပ်ရှားမှုကို ဗကသ၊လူ့ဘောင်
သစ်ဒီမိုကရက်တစ်ပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်၊ မြန်မာ့ဒီမိုကရေစီ
အဖွဲ့ချုပ်(LDB)၊ AUNတိုင်းရင်းသားပေါင်းစုံ အဖွဲ့ဝင်များကဆုံညီစွာ ပူးပေါင်းပါဝင်ခဲ့ကြပြီး လက်ရှိမြန်မာ
နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကို ဂျပန်ပြည်သူပြည်သားများနှင့်တကွ ကမ္ဘာမှ ပိုမိုသိရှိနားလည်လာ
စေရန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ဆန္ဒပြ ခဲ့ ကြသည်။
သတင်း။ ။NLD(LA)JB

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....