
၂ဝဝ၇ ခုနှစ်က မြန်မာနိုင်ငံရှိ ဆန္ဒပြပွဲတခုကို အာဏာပိုင်တို့ ချေမှုန်းစဉ် ဂျပန်ဓာတ်ပုံသတင်းထောက် လဲကျသေဆုံးသွားပုံ (ဓာတ်ပုံ - ရိုက်တာ)
ဆယ်နှစ် တကြိမ် ရွေးချယ်လျက်ရှိသော Reuters သတင်းဌာန၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ဓာတ်ပုံ ၁၀၀ ထဲတွင် မြန်မာနိုင်ငံမှ ရိုက်ကူးခဲ့သော ဓာတ်ပုံ တပုံပါဝင်သည်။
ယင်းဓာတ်ပုံသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ မြန်မာရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း ရယူနေသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိကို မြန်မာ စစ်သားတဦးက သေနတ်ဖြင့် ပစ်ခတ်၍ လဲကျ သေဆုံးသွားသည့် ပုံကို Reuters သတင်းထောက် အဒရီစ်လတစ်ဖ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
Reuters ဓာတ်ပုံ သတင်းထောက်များသည် တရက်လျှင် ဓာတ်ပုံ ၁၅၀၀ ရိုက်ကူးလျှက် ရှိကြောင်း၊ တနှစ်လျှင်ပုံ အရေအတွက် ငါးသိန်းကျော် ရှိကြောင်း သောကြာနေ့က ထုတ်ပြန်သည့် Reuters သတင်းဌာန၏ ထုတ်ပြန်ချက်တရပ်တွင် တွေ့ရသည်။
ယခုရွေးချယ်ခံရသော ဓာတ်ပုံ ၁၀၀ တွင် နိုင်ငံတကာမှ ထူးခြား ထင်ရှားသော ကမ္ဘာကျော် ဖြစ်ရပ်များကို ရိုက်ကူးဖော်ပြထားသည့် ပုံများဖြစ်သည်။
မစ္စတာကန်ဂျီးနာဂါအိသည် ဂျပန်နိုင်အခြေစိုက် APF သတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် သတင်းရယူနေစဉ် စစ်တပ်၏ ပတ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးချိန်တွင် ၎င်းကိုင်ဆောင် အသုံးပြုခဲ့သော ကင်မရာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စစ်အစိုးရက သိမ်းဆည်းထားကြောင်း သိရသည်။ ယင်းပစ္စည်းများကို ၎င်း၏ မိသားစုများနှင့် ဂျပန်အစိုးရမှ စစ်အစိုးရထံ ပြည်လည်တောင်းခံခဲ့သော်လည်း တစုံတရာ ပြန်လည်ရရှိခြင်းမရှိပေ။
မစ္စတာ ကန်ဂျီးနာဂါအိကို ဂုဏ်ပြုသောအားဖြင့် APF သတင်းဌာနမှပေးအပ်သော ကန်ဂျီးနာဂါအိဆုကို ပြီးခဲ့သည့်နှစ်တွင် မြန်မာလူငယ် သတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့သည်။
မစ္စတာ ကန်ဂျီးနာဂါအိ၏ ဓာတ်ပုံကို အမိအရ ရိုက်ကူးနိုင်ခဲ့သော Reuters ဓာတ်ပုံသတင်းထောက် အဒရီစ်လတစ်ဖ်သည်လည်း ထိုဓာတ်ပုံအတွက် ၂ဝဝ၈ ခုနှစ်တွင် ကြားဖြတ်သတင်း ဓာတ်ပုံဆိုင်ရာ ပူလစ်ဇာဆု ရရှိခဲ့သည်။
၂ဝဝ၅ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်ခံရသူ ၆၁ဝ ကို ထည့်သွင်းထားသည့် ခေါင်းတလားများကြားတွင် ငိုကြွေးနေသော ဘော့စနီးယား မူစလင် အမျိုးသမီးသမီး ၂ ဦး (ဓာတ်ပုံ - ရိုက်တာ)


(ဓာတ်ပုံ(၁၀၀)ကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ)
ဝါးရှီးဖော (ဧရာဝတီ)
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်