Saturday, December 26, 2009

နအဖ၏ ဓါတုလက်နက်ဘေးကာကွယ်ရန် အပစ်ရပ်များပြင်ဆင်

အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက်အသုံြးုပမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ် စပ်အပစ်ရပ်များ ထိုအန္တရာယ်ကာကွယ်နိုင်သည့် စစ်ဝတ်စုံထောင်ချီဝယ်ယူစုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ် သည့်သတင်းရပ်ကွက်က ဆို၏။
“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်းထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ်အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။
နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန် သည့် တရုတ်နယ်စပ်အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS  နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ် ထား တိုက်ခိုက်ချေမှုန်းရန် စစ်အစိုးရကတိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များအသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။
စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ဝင်တိုက်လို့ရမှာမဟုတ်ဘူးဆိုတာသူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည် တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူးတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။
ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် - ၁။ မူးဝေအော့အန်၊ ၂။ အသက်ရှူ ကြပ်၊ ၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။ ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က  -  ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက်သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့်စကားများကိုကိုးကား၍ -
“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြု ရင်မသင့်လျော် ဘူး၊ နိုင်ငံတကာဥပဒေနဲ့ညှိစွန်းတယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့အသုံြးုပခဲ့ရတာ’  လို့ပြောဖူးတယ်”  ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News  နေ့ထုတ်သတင်းစာတွင်ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။
ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက်အသုံးပြုခဲ့ ဖူးသည့်သတင်းများထွက်ခဲ့ပါသည်။
သောကြာနေ့၊ 25 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့် 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....